MDA     News Back


FICCDE

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သွားနှင့်ခံတွင်းဆရာဝန်များမှ အောက်ဖော်ပြပါ အချက်များနှင့် ကိုက်ညီသူတို့သည် FICCDE ဂုဏ်ထူးဆောင်ဘွဲ့အတွက် လျှောက်ထားနိုင်ပါသည်

(၁) BDSဘွဲ့ရရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နေထိုင်သူ (သို့) တာဝန်ကျသူ ဖြစ်ရမည်

(၂) သခလက်ဝယ်ရှိပြီး သခ သက်တမ်းအနည်းဆုံး ၁၀ နှစ်ရှိရမည်

(၃) Dental Profession နှင့် အသက်မွေးဝမ်းကြောင်းသူဖြစ်ရမည်

(၄) MDA ဗဟိုနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ ကွင်းဆင်းကုသရေးများတွင် ပါဝင်လှုပ်ရှားသူ၊ ညီလာခံနှင့် ပညာရပ်ဆိုင်ရာဟောပြောပွဲများ တက်ရောက်သူဖြစ်ရမည်

(၅)လျှောက်လွှာများကို ဖြစ်နိုင်လျှင် ကွန်ပျူတာစာစီ၍ ပို့ပေးရမည်

စိတ်ပါဝင်စားသူများသည် Dr Win Bo အတွင်းရေးမှူး MDAရန်ကုန်တိုင်းဒေသကြီး (ph: 095171157)ထံတွင် လျှောက်လွှာများထုတ်ယူပြီး ဖေဖော်ဝါရီလ (၃) ရက်နေ့နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရမည်

လျှောက်လွှာများကို MDAရန်ကုန်တိုင်းဒေသကြီးမှ စိစစ်ပြီး MDA ဗဟို မှ အပြီးသတ် ရွေးချယ်မည်ဖြစ်ပါသည်

အလုပ်အမှုဆောင်အဖွဲ့
MDAရန်ကုန်တိုင်းဒေသကြီး