MDA     News Back


Bangkok International Dental Implant Symposium (BiS)သို့ မြန်မာသွားနှင့်ခံတွင်းဆရာဝန်(၇၀)ခန့် တက်ရောက်

သွားနှင့်ခံတွင်းဆေးပညာရပ်ပိုင်းဆိုင်ရာ နည်းပညာနှင့် ဆေးပစ္စည်းများတိုးတက်လာသည်နှင့်အမျှ ခေတ်မီဆေးကုသမှုများကို အသုံးပြုကုသမှုများ ခေတ်စားလာပါတယ်။ မြန်မာနိုင်ငံရှိ သွားနှင့်ခံတွင်းဆရာဝန်များမှာ ခေတ်မီသွားမြစ်တုအစားထိုးကုသမှုကို ကျယ်ကျယ်ပြန့်ပြန့် ကုသမှုပြုလုပ်လာကြပါတယ်။ လတ်တလောအနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်တဲ့ Bangkok International Dental Implant Symposium 2019 မှာ မြန်မာသွားဆရာ၀န်အများအပြားတက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲကို နို၀င်ဘာ ၂၇ မှ နို၀င်ဘာ ၂၉ အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Royal Paragon Hall I Siam Paragon မှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ Thai Association of Dental Implantology website ဖြစ်တဲ့ https://en.tadi.or.th/bis-2019/ မှာ အသေးစိတ်ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။