MDA     News Back


မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း ရန်ကုန်တိုင်းဒေသကြီးအသင်းခွဲမှ တာဝန်ယူ၍ တိုက်ကြီးမြို့နယ် အတွင်းအဝီစိတွင်းများလှူဒါန်း။

တိုက်ကြီးမြို့နယ် ၊ ရွာသာအုပ်စုမှ ကျေးရွာများသို့ ရေကောင်းရေသန့်ရရှိစေရန် ရည်ရွယ်၍ စေတနာရှင်သွားနှင့်ခံတွင်းဆရာဝန်များ၏ အလှူငွေ ကျပ်သိန်း ၃ဝကို မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန် အသင်းရန်ကုန်တိုင်းဒေသကြီး အသင်းခွဲမှ တာဝန်ယူ၍ အဝီစိတွင်း ၂၄တွင်း ၊ စေတနာရှင်များမှ ၁၁ တွင်း  စုစုပေါင်း ၃၅တွင်း တူးဖော်လှူဒါန်းခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို  မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန်အသင်း နယက ဒေါက်တာဦးပွင့်ဖူး နှင့် ဗဟိုဥက္ကဌ ပါမေက္ခ ဒေါက်တာ ဥိးသိန်းကြူ တို့မှ မောင်းတံနှိပ်၍ ဖွင့်လှစ်ပေးခဲဲ့ပါသည်။ ဖွင့်ပွဲနေ့တွင် ပါမောက္ခ ဒေါက်တာဦးသိန်းကြူနှင့် ဇနီးမှ ရေတွင်တစ်တွင်းကျပ် ၁၃၀၀၀၀ တိတိလှူဒါန်း၍ စုစုပေါင်း ၃၆တွင်း လှူဒါန်းပြီး ရွာသာဘုန်းကြီး ကျောင်းတွင် ရေစက်ချ တရားပွဲပြုလုပ်ခဲ့ပါသည်