MDA     News Back


ပညာရည်ချွန်ဆုပေးပွဲနှင့် CME Programmme (၂၀၁၁)

  မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန်အသင်း (ဗဟို)၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အသင်းခွဲ၏ရည်ရွယ်ချက်များ အကောင်အထည်ဖော်မှု အစီအစဉ်တစ်ရပ်အနေဖြင့် Continuing Dental Education Programme အရ ပညာရပ်ဆိုင်ရာ ဟောပြောပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို (၂၀.၁၁.၂၀၁၁) (တနင်္ဂနွေနေ့)တွင် Traders Hotel ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် Dr. မိုးဝင်းသိန်းက “Basic Keys to Practical Orthodontic Treatment” ခေါင်းစဉ်ဖြင့်  ဟောပြောဆွေးနွေးခဲ့ရာ အသင်းဝင်ဆရာဝန် (၁၂၀) တက်ရောက်ခဲ့ပါသည်။ ပညာရည်ချွန်ဆုပေးပွဲအစီအစဉ်အရ ၂၀၀၉ ခုနှစ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်၏ နောက်ဆုံးနှစ် BDS စာမေးပွဲတွင် မေးရိုးနှင့် ခံတွင်းဆေးပညာ၊ သွားတုဆေးပညာ၊ သွားကျန်းမာရေးပညာ အပိုင်း(၁)၊ သွားကျန်းမာရေးပညာ အပိုင်း(၂)၊ လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော Dr. ယဉ်ဝေလှိုင်အား ရန်ကုန်တိုင်းဒေသကြီးအသင်းခွဲမှ ဂုဏ်ပြုမှတ်တမ်းတင်လွှာနှင့် ဂုဏ်ပြုဆုငွေ ကျပ်တစ်သိန်းပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။