MDA     News Back


ပညာရည်ချွန်ဆုပေးပွဲနှင့် CME Programme (၂၀၁၂)

မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန်အသင်းဗဟို၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အသင်းခွဲ၏ ရည်ရွယ်ချက်များ အကောာင်အထည်ဖော်မှု အစီအစဉ်တစ်ရပ်အနေဖြင့် Continuing Dental Education Programme အရ ပညာရပ်ဆိုင်ရာဟောပြောပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကိုု ၂၂.၁၂.၂၀၁၂ စနေနေ့တွင် Central Hotel ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲကို Dr. မိုးဝင်းသိန်းမှ Glance At early AD 12 orthodontic ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Dr. တင့်ဝေမြတ်မှ Business Management At Glance ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Dr. တင်လတ်မှ Restorative Management of Endodonically treated teeth ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ရာ အသင်းဝင်ဆရာဝန် (၁၅၆)ဦး တက်ရောက်ခဲ့ပါသည်။ ပညာရည်ချွန်ဆုပေးပွဲအစီအစဉ်အရ ၂၀၁၁ ခုနှစ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ရန်ကုန်၏ နောက်ဆုံးနှစ် B.D.S စာမေးပွဲတွင် သွားတုဆေးပညာ၊ သွားကျန်းမာရေးပညာ အပိုင်း(၁)၊ သွားကျန်းမာရေးပညာ အပိုင်း(၂)၊ သုံးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော Dr. သိမ့်မေသူဝင်းနှင့် ၂၀၁၁ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ရန်ကုန်၏ နောက်ဆုံးနှစ် B.D.S စာမေးပွဲတွင် သွားတုဆေးပညာဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော Dr. ရဲကျော်သူတို့အား ရန်ကုန်တိုင်းဒေသကြီးအသင်းခွဲမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေကျပ်တစ်သိန်းစီ ချီးမြှင့်ပေးခဲ့ပါသည်။ ၄င်းအစီအစဉ်များကို MRTV-4 မှလာရောက်ရိုက်ကူးပြီး ၆.၁.၂၀၁၂ ရက်နေ့တွင် ထုတ်လွှင့်ပြသခဲ့ပါသည်။